top of page
photo_2024-03-30_17-41-32.jpg

To BRIGHTER FUTURE

Students and youth

  • Facebook
  • Telegram

GET ON BOARD

Take Part in Something Great

ABOUT US

 August ၉ရက်နေ့၊ ၂၀၂၂ ခုနှစ်မှစတင်ကာ တတိယမျိုးဆက် အခြေခံပညာကျောင်းသားလူငယ်များ အစည်းအရုံး(အကလ) စတင်ခဲ့သည်။ ၂၀၂၃ ခုနှစ်၊ဇန်နဝါရီလ၊ ၂၂ရက်နေ့တွင် အကလ၏ ဒုတိယအကြိမ်မြောက် အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံးဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအသစ်အားပြဌာန်းခဲ့ကြသည်။၎င်းဥပဒေအသစ်တွင် အကလအတွင်း အဖွဲ့ဝင်များလိုက်နာရမည့် သံမဏိစည်းမျဉ်းဥပဒေတစ်ခုပြဌာန်းခဲ့ပြီး ၎င်းမှာ အခန်း(၃)၊ ပုဒ်မ၁၂ တွင်ပါဝင်သည့်"အစည်းအရုံးအဖွဲ့ဝင်များသည် နှုတ်အားဖြင့်လည်းကောင်း၊ ကိုယ်အားဖြင့်လည်းကောင်း လိင်ပိုင်းဆိုင်ရာအားဖြင့်ထိပါး စော်ကားခြင်း အလျဉ်းမရှိစေရ။"ဟူသောစည်းမျဉ်းဖြစ်သည်။ ဆိုလိုသည်မှာ အဖွဲ့ဝင်များ၏လိင်ပိုင်းဆိုင်ရာစော်ကားခံရမှုအား အဖွဲ့ဝင်အချင်းချင်း .. သော်လည်းကောင်း၊ အဖွဲ့ဝင်မှအခြားသူများအားလည်းကောင်း၊ အခြားသူများမှအဖွဲ့ဝင်များအားလည်းကောင်း ကာကွယ် ရန်ရည်ရွယ်ထားသည်။

ထို့နောက်တွင်တတိယမျိုးဆက်အကလပြန်လည်စုရုံးနိုင်ခဲ့ပြီး အ.ထ.က(၄) သထုံမြို့နယ်အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး ၊ အ.ထ.က(၁) ဒိုက်ဦးမြို့နယ် အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး အပါအဝင် အခြားသောအဖွဲ့ဝင်အများအပြားအားဆက်လက်စုရုံးနိုင်ခဲ့ သည်။ ယခုအခါ၌ ခိုင်မာသောအကလအဖြစ် ဆက်လက်ကာ နိုင်ငံတော်အကျိုး၊ပြည်သူလူထုအကျိုး၊ ကျောင်းသားလူငယ် အကျိုးများအား တာဝန်ထမ်းရွက်နေကြပါသည်။ ယခုအခါတွင် အကလ(ဗဟို)၏တတိယမျိုးဆက်သည် အင်အားကောင်း သည်ဟုမဆိုနိုင်သော်လည်း ရှိသည့်အင်အား အား အကျိုးရှိရှိအသုံးနိုင်ဆုံးသောမျိုးဆက်ဖြစ်သည်။

FOLLOW BESYA ON SOCIAL MEDIA

  • Telegram
  • Facebook
Subscribe
bottom of page